အောင်လံကုန်စည်ဒိုင်တွင်တစ်ပတ်အတွင်းပဲစဉ်းငုံနီစျေးမြင့်တက်ကာ ပဲတီစိမ်းစျေးကျ
မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်းကာလတူ (၂၆.၇.၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အရည်အသွေးနှင့် ဝယ်လိုအားကြောင့် ပဲစဉ်းငုံမြင့်တက်ကာ ပဲတီစိမ်းစျေးကျလျှက်ရှိကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံနီ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၆၆ဝဝ)ကျပ်၊ ယခုတစ်ပတ်တွင်(၄၉၁ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂၅ဝဝ)ကျပ်၊စျေးတက်ကာ ပဲတီစိမ်း(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၅၀ဝဝ)ကျပ်၊ ယခုတစ်ပတ်တွင် (၄၃၀ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၂၀ဝဝ)ကျပ်စျေးကျကာ ကျန်ပဲမျိုးစုံစျေးနှုန်းများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။
ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန